၂၀၁၉ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ နံနက် ၉:၃၀၊ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ ဒုတိယထပ်တွင် အာရှသိပ္ပံကောင်စီ SCA, (Japan) အဖွဲ့မှ Deputy Director Dr. Miki, Mr. Koshita, Ms. Kazuyo တို့(၃)ဦးတို့သည် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင် အဖွဲ့ဝင်များ ဆွေးနွေးကြရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူချုပ် Dr. နေဝင်းဦး၊ ညီနောင်ပညာရှင်အဖွဲ့မှ ပညာရှင်ကြီးများနှင့် ဥက္ကဌဒေါက်တာနေဝင်း၊ MAT ဥက္ကဌဒေါက်တာ သိန်းဦးဖိုးစော၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ၁၉ကြိမ်မြောက် အာရှသိပ္ပံေကာင်စီ SCJ နှင့် MAAS တို့ တွဲဖက်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူ အားလုံး အဘက်ဘက် မှ ဝိုင်းဝန်းပံ့ပိုးရန် ညှိနှိုင်းခဲ့ကြပါသည်။