မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံရှင်အဖွဲ့ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာရေးထိုးခြင်း


မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ The Myanmar Academy of Arts and Science (MAAS) နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ The Myanmar Institute of Strategic & International Studies (Myanmar-ISIS) တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို အမှတ် ၃၇၊ သံတမန်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံရှင်အဖွဲ့(MAAS)ကိုယ်စား ဥက္ကဋ္ဌ ဒေါက်တာသက်လွင် နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (Myanmar-ISIS) ကိုယ်စား ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန် တို့က သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဤသဘောတူစာချွန်လွှာသည် မျိုးဆက်သစ် သုတေသီတို့၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုကို မြှင့်တင်ရန် သုတေသနအခွင့်အလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အားပေးမြှင့်တင်ရန်၊ စသည့် ရည်ရွယ်ချက်များဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြာခြင်း ဖြစ်ပါသည်။