သုတေသနစာတမ်းများ ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ကြီးမှူးကျင်းပမည့် အကြိမ်(၂၀) မြောက်
သုတေသနညီလာခံတွင် ဖတ်ကြားတင်သွင်းရန် ဝိဇ္ဇာ၊ သိပ္ပံ၊ လူမှုရေး၊ စီးပွားရေးအစရှိသော
ဘာသာရပ်များနှင့် ဆက်နွှယ်၍ ရေးသားပြုစုထားသော စာတမ်းများကို online မှ တစ်ဆင့်
office@maas.edu.mm e-mail ဖြင့် စာတမ်း အပြည့်အစုံကို ပေးပို့စေလိုကြောင်း
တက္ကသိုလ်၊ ကောလိပ်များမှ သုတေသီများအား ဖိတ်ခေါ်အပ်ပါသည်။