မြန်မာမဟာဂီတစာပေလာ ဘ၀သရုပ်ဖော်အဖွဲ့
Abstract
- ဤစာတမ်းသည် မြန်မာစာပေ၊ဂီတစာပေကဏ္ဍမှ မြန်မာမဟာဂီတစာပေတွင် ရှားပါးလှသည့်ဘ၀ သရုပ်ဖော်အဖွဲ့များကို လေ့လာတင်ပြထားသည့် စာတမ်းဖြစ်ပါသည်။ ဤသို့လေ့လာရာတွင် မြန်မာမဟာဂီတစာပေ စာဆိုတို့အာရုံကျက်စားမိသည့် အကြောင်းအရာနှင့် ထိုအကြောင်းအရာကို မည်သို့ဖွဲ့ဆိုသနည်းဟူသော ဖွဲ့ဆိုပုံကို လေ့လာတင်ပြထားပါသည်။ ဤသို့လေ့လာတင်ပြရာတွင် မြန်မာမဟာဂီတစာပေ၏ သဘောသဘာ၀၊ ဘ၀သရုပ်ဖော်အဖွဲ့နှင့်မြန်မာစာပေ၊ မြန်မာမဟာဂီတ စာပေလာ ဘ၀သရုပ်ဖော်အဖွဲ့များဟူ၍ ကဏ္ဍ (၃)ရပ် ပိုင်းခြားလေ့လာဆန်းစစ် တင်ပြထားပါသည်။ ဂီတစာပေလေ့လာမှုတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာမဟာဂီတစာပေသင်ကြားမှု၊ သင်ယူမှုတွင် အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Aung Nay Myo
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)