မင်းသုဝဏ်၏ကဗျာများလာ စာဆို၏စေတနာအမြင်
Abstract
- ဤစာတမ်းသည် ဆရာမင်းသုဝဏ်၏ ကဗျာများကဖော်ပြနေသော စာဆို၏စေတနာအမြင်ကို လေ့လာတင်ပြမည့်စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် ဆရာမင်းသုဝဏ်၏ ကဗျာများမှ တစ်ဆင့်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့၊ မြန်မာ့အမူအကျင့်၊ မြန်မာ့စိတ်ထားစရိုက်တို့ကို မြတ်နိုး တန်ဖိုးထားသည့် စာဆို၏စေတနာများကို သိလာရသည်။ ထိုမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုမြတ်နိုးတန်ဖိုး ထားလိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ဖြစ်ပေါ်လာစေပါ သည်။ ထိုကဗျာများမှစာဆို၏စိတ်ကူး ဉာဏ်ဆန်းသစ်မှုကိုလေ့လာမိစေသည်။
Collections
Download
Year
- 2020
Author
-
Khin Nyo Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)