သခင်ဘသောင်း၏ "တိုင်းပြည့်ရန်သူပြဇာတ်"မှဇာတ်ဆောင်စရိုက်များ
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်ရှိ စကားပြေကဏ္ဍ(ပြဇာတ်စာပေ)လာ သခင်ဘသောင်း၏ တိုင်းပြည့်ရန်သူပြဇာတ်မှ ဇာတ်ဆောင်စရိုက်များ လေ့လာချက်ဖြစ်ပါသည်။ သခင်ဘသောင်း၏ တိုင်းပြည့်ရန်သူ ပြဇာတ်စာအုပ်ကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ရည်ရွယ်ချက်မှာ တိုင်းပြည် အတွက်၊ အများအကျိုးအတွက်ဟု နှုတ်ကအမြဲပြောဆိုနေသော်လည်း လက်တွေ့တွင်ကိုယ်ကျိုးကိုသာ အလေးထားသောသူများလောကတွင် များစွာရှိကြောင်း သိစေလိုခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) သခင်ဘသောင်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ အခန်း(၂) တိုင်းပြည့်ရန်သူ ပြဇာတ်၏ဇာတ်လမ်း အကျဉ်း၊ ပြဇာတ်ဝေါဟာရ၊ ဇာတ်ဆောင်စရိုက်၊ အခန်း(၃)တွင် သခင်ဘသောင်း၏ တိုင်းပြည့် ရန်သူပြဇာတ်မှ ဇာတ်ဆောင်စရိုက်လေ့လာချက်ကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းကို လေ့လာခြင်းဖြင့် သခင်ဘသောင်း၏ တိုင်းပြည့်ရန်သူပြဇာတ်မှ ဇာတ်ဆောင်တို့၏ စရိုက်များကို သိရှိပြီး မြန်မာပြဇာတ်စာပေ လေ့လာသူများအတွက်လည်း ဗဟုသုတအတွေးအမြင်များ ရရှိစေနိုင်မည် ဖြစ်ပါသည်။
Collections
Year
- 2020
Author
-
Aye Myint Khaing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)