ရှမ်းနီ(ဝါ)တိုင်းလိုင်လူမျိုးစုတို့၏ စကားပုံနှင့်ဆိုရိုးစကားများ လေ့လာချက်
Abstract
- ဤစာတမ်းသည်ရှမ်းနီ(ဝါ)တိုင်းလိုင်လူမျိုးစုတိုအသုံးပြုပြောဆိုနေကြသော စကားပုံနှင့်ဆိုရိုးစကားများ ကို လေ့လာဖော်ထုတ်ထားသော စာတမ်းဖြစ်ပါသည်။ ရှမ်းနီ တိုင်းရင်းသားတို့ ပြောဆိုသုံးစွဲကြသော စကားပုံဆိုရိုးများကို မှတ်တမ်းတင်လိုခြင်းနှင့် တိုင်းရင်းသားစကားပုံများကို လေ့လာလို သူတို့အတွက် အထောက်အပံ့ဖြစ်ရန် ရည်ရွယ်ပါသည်။ ထိုသို့လေ့လာရာတွင် ရှမ်းနီလူမျိုးစုတို့အများဆုံး နေထိုင် သော ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီလူမျိုးစုတို့၏ အပြော စကားများ ကို အလေ့လာခံအဖြစ်သတ်မှတ်ကာ လေ့လာတင်ပြထားပါသည်။ဤစာတမ်းကို တင်ပြရာတွင် စကားပုံဆိုရိုးစကားများကို လေ့လာထားသောစာအုပ်များ၊ ဒေသခံများ၏ရှင်းလင်း ပြောကြားချက်များ နှင့် ဘာသာစကားပညာရှင်တို့၏ နည်းနာများကိုအခြခံကာ တင်ပြထားပါသည်။ ထိုသို့ လေ့လာရာ တွင် စကားပုံဆိုရိုးများသည် လူမှုဘဝအခြေအနေ အမျိုးမျိုးကိုမူတည်၍ ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ စကားပုံနှင့်ဆိုရိုးစကားများကို လေ့လာလိုသူများအတွက် အကျိုးကျေးဇူး ရရှိနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Khin Mar Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)