အောင်သင်း၏ ဖိုးဖိုးအောင်မေတ္တာစာ လေ့လာချက်
Abstract
- ဤစာတမ်းသည် ဆရာအောင်သင်း၏ ဖိုးဖိုးအောင်မေတ္တာစာကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ဆရာအောင်သင်းသည် မြေးအရွယ်လူငယ်များအား စာသင်ခန်းတွင်း၊ စာသင်ခန်းပြင်ပ၌ လိုက်နာကျင့်သုံးသင့်သော နည်းလမ်းများ၊ သိသင့်သိထိုက်သော သဘောတရား များ၊ ခံယူသင့်သော စိတ်နေစိတ်ထား၊ အတွေးအမြင်များကို ရေးသားတင်ပြထားပါသည်။ ယင်း စာတွင်ကျောင်းသား လူငယ်များအနေနှင့် ပညာတတ်များဖြစ်လာစေရန် စာသင်ခန်းတွင်းနှင့် စာသင်ခန်းပြင်ပတွင် နှလုံးသွင်းလိုက်နာသင့်သော အချက်များကို အကျိုးသင့်အကြောင်းသင့် နားဝင် လက်ခံလာစေရန် ရှင်းလင်းတင်ပြနေသည့် လေသံပေါ်အောင် ရေးသားထားပါသည်။ ဆရာ အောင်သင်းက လူငယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်းဖြင့်ဘဝတန်ဖိုး အကျိုးပေး နိုင်သည့်အကြောင်းတို့ကို အလေးအနက်ထား လေ့လာတင်ပြထားပါသည်။ ဤစာတမ်းတွင် မေတ္တာစာ ၏သဘောနှင့် အောင်သင်း၏ဖိုးဖိုးအောင် မေတ္တာစာတို့ကို လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Kyi Kyi Myint
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)