ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများမှ လူ့သဘာဝအဖွဲ့များလေ့လာချက်
Abstract
- ဤစာတမ်းတွင် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများမှ လူ့သဘာဝအဖွဲ့များကို လေ့လာတင်ပြထား ပါသည်။ ကိုယ်တွေ့ဝတ္ထုများထဲမှ ဝတ္ထု (၅)ပုဒ်ကိုသာ အသုံးပြုထားပါသည်။ လေ့လာရခြင်း ရည်ရွယ်ချက်မှာ ဦးဖိုးကျား၏ လူ့သဘာဝအဖွဲ့ကောင်းများကို ဖော်ထုတ်တင်ပြလိုခြင်းဖြစ်ပါသည်။ အခန်း(၁)တွင် ဦးဖိုးကျား၏အတ္ထုပ္ပတ္တိ၊ အခန်း(၂)တွင် ဝတ္ထုတို အနက်အဓိပ္ပာယ် သဘောသဘာဝနှင့် သမိုင်းအကျဉ်း၊ အခန်း(၃)တွင် လူ့သဘာဝအဖွဲ့များကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းပါ အချက်အလက်များသည် ဝတ္ထုတိုလေ့လာသူများအတွက် အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့် မိပါသည်။
Collections
Year
- 2020
Author
-
Thiri Yadanar Khaing Mon Mon Thein
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)