ကချင်တိုင်းရင်းသား လော်ဝေါ်လူမျိုးတို့၏ ရိုးရာတေးများလေ့လာချက်
Abstract
- ဤစာတမ်းသည် ကချင်တိုင်ရင်းသား(လော်ဝေါ်)လူမျိုးတို့၏ ရိုးရာတေးများကိုစာပေရှုထောင့်မှ သုတေသနပြုထားသော စာတမ်းဖြစ်ပါသည်။ ကချင်တိုင်းရင်းသားမျိုးနွယ်စုမှ လော်ဝေါ်တိုင်းရင်း သားတို့၏ ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာတေးများမပျောက်ပျက်စေရန် စာပေရှုထောင့်မှ သုတေသန ပြုကာ စနစ်တကျထုတ်ဖော် တင်ပြသွားမည်ဖြစ်ပါသည်။ သုတေသနပြုရာတွင်လည်း ကွင်းဆင်း လေ့လာမှု၊ ဆွေးနွေးမေးမြန်းမှု၊ အသံသွင်းမှု၊ ဓါတ်ပုံအထောက်အထားရယူမှုတို့ဖြင့် ရိုးရာတေးဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းခဲ့ပါသည်။ ယင်းရိုးရာတေးများကိုလေ့ လာကြည့်ရာမှ ကောက်သစ်စားပွဲတော်ဆိုင်ရာ ရိုးရာတေးများ၊ ရိုးရာလနတ်ပွဲတော်ဆိုင်ရာရိုးရာ တေးများ၊ အိမ်သစ် တက်ပွဲတော်ဆိုင်ရာ ရိုးရာတေးများ၊ ထိမ်းမြားမင်္ဂလာပွဲဆိုင်ရာ ရိုးရာတေးများ၊ မိတ်သဟာရ ပွဲတော်ဆိုင်ရာ ရိုးရာတေးများ၊ ရိုးရာလုပ်ငန်းသိမ်းပွဲတော်ဆိုင်ရာ ရိုးရာတေးများ ဟူ၍တွေ့ရသည်။ ဤသို့လေ့လာခြင်းဖြင့် လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှု မြင့်မားတိုးတက်စေရေးနှင့် ဘာသာစကားဆိုင်ရာ အကျိုးဖြစ်ထွန်းမှု တို့ကို ရည်ရွယ်ပါသည်။
Collections
Year
- 2020
Author
-
Nay Hlaing Sinn Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)