ဇေယျ၏စာပေအယူအဆများ
Abstract
- ဤစာတမ်းသည် မြန်မာစာပေပညာရှင် ဆရာကြီးဇေယျ၏ စာပေအယူအဆများကို လေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဇေယျသည် မြန်မာစာပေလောကတွင် သုတ၊ ရသ၊ စာပေအမျိုးအစားစုံအောင် ရေးသားခဲ့ သည့် စာပေပညာရှင်ဖြစ်ပါသည်။ ဇေယျ၏စာပေအယူအဆ၊ နည်းနာသဘောတရားများသည် မျက်မှောက်ခေတ် မြန်မာစာပေလောကတွင် စာပေသုတေသီများ လေ့လာကျင့်သုံးနေကြရသော စာပေသီဝရီများအဖြစ်ရပ် တည်လျက် ရှိပါသည်။ ကိုလိုနီခေတ် မှစ၍ မျက်မှောက်ခေတ်အထိ ဆရာဇေယျရေးသားခဲ့သော စာပေဆောင်းပါးများ၊ ဆောင်းပါး ပေါင်းချုပ် စာအုပ်များ၊ စာနယ်ဇင်းများမှ ဆောင်းပါးများ၊ ဇေယျစာပေါင်းချုပ် စာအုပ်များကို အလေ့လာခံ အဖြစ်ထား၍ ဇေယျ၏စာပေအယူအဆများကို ဖော်ထုတ်တင်ပြထားပါသည်။ ဆရာဇေယျ၏စာပေ အမြင်၊ စာပေအယူအဆ၊ စာပေခံယူချက်များကို သိရှိလိုသူများအတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Aung Min Naing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)