ရခိုင်လူမျိုးနှင့်ဓလေ့ ဘာသာတေးကဗျာများ
Abstract
- ဤစာတမ်းသည် ရခိုင်ကျေးလက်တေးကဗျာများမှ ရခိုင်လူမျိုးနှင့်ဓလေ့ဘာသာ တေးကဗျာများ အကြောင်းကို ထုတ်နုတ်လေ့လာတင်ပြထားပါသည်။ ရှေးရှေးအခါက မိဘများသည် သားသမီးများကို တေးကဗျာဖြင့် ချော့သိပ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုဓလေ့သည် သားသမီးနှင့် မိဘ သံယောဇဉ်နှောင်ကြိုးကို ခိုင်မြဲစေသည်။ မိဘနှင့်သားသမီး ရင်အုပ်မကွာနေရကာ မိဘစကားကို နားထောင်ပြီး လူကြီးသူမများကိုလည်း ရိုသေကြသည်။ လူလိမ္မာလူယဉ်ကျေးကလေးများ လူတော် လူကောင်းများဖြစ်လာကြသည်။ ယခုအခါ ထိုဓလေ့ထုံးတမ်းစဉ်လာတို့သည် မှေးမှိန်ပျောက်ဆုံး နေပြီး မိဘနှင့်သားသမီး၊ ရင်အုပ်မကွာနေချိန်မရ သွန်သင်ဆုံးမချိန်နည်းပါးပြီး မယဉ်ကျေးသော၊ အမြင်ကျဉ်းသော မိဘနှင့်သားသမီး ကွာဟလာမှုများကို သတြိုပဆင်ခြင်မိပါသည်။ ထို့ကြောင့် တစ်ခတ်တစ်ခါက ရခိုင်လူမျိုးတို့ - မိဘနှင့် သားသမီး ချစ်စရာဓလေ့များဖြင့် သံဃောဇဉ်ဖွဲ့နှောင် နေထိုင်ခဲ့ကြပုံများကို ဖော်ထုတ်တင်ပြလိုသောရည်ရွယ်ချက်ဖြင့် ဤစာတမ်းကို ဖတ်ကြားတင်သွင်း ရခြင်းဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
San Kayti Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)