တင်မိုး၏ကဗျာဖန်တီးမှု
Abstract
- ဤစာတမ်းသည် ကဗျာဆရာတင်မိုး၏ကဗျာဖန်တီးမှုကို လေ့လာတင်ပြထားသောစာတမ်းဖြစ်ပါ သည်။ ထိုစာတမ်း၌ ကဗျာ၏သဘော၊ ကဗျာ၏အကျိုးတရား၊ ကဗျာဖန်တီးမှုတွင် ရှိသင့်ရှိထိုက် သော ကဗျာစာဆို၏စိတ်နေသဘောထား၊ ခံစားချက်၊ ကဗျာ့စိတ်ကူးစိတ်သန်းနှင့် ထိုစိတ်ကူးကို အကောင်အထည် ဖော်ပေးသောရေးဖွဲ့ဟန်တို့ကို လေ့လာတင်ပြထားပါသည်။ ထိုသို့လေ့လာ တင်ပြရာတွင် ကဗျာဆရာတင်မိုး၏ လောကကိုချစ်ခင်ခြင်း၊ အမိမြေကိုချစ်ခင်ခြင်းတို့ကို အခြေခံ၍ ပြည်သူတို့၏နှလုံးအိမ်၌ ချစ်ခြင်းမေတ္တာတရားများ ပွားများလာအောင် စည်းရုံးဖွဲ့နွဲ့ထားသည်ကို တွေ့ရပါသည်။ ကဗျာဆရာတင်မိုး၏ ကဗျာဖန်တီးမှု အတတ်ပညာကို ထင်ရှားစေရန် ]ကလိမ်နှင့် ကောက်ကျစ်၊ အပြုံးရုပ်ကလေးနဲ့လူ၊ မြန်မာ့ဘဝတေးအလှ} ဟူသော ကဗျာသုံးပုဒ်ကိုအလေ့လာ ခံထားပြီးလျှင် အကြောင်းအရာပိုင်း၊ အရေးအဖွဲ့ပိုင်းဟူ၍ လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2020
Author
-
San San Wai
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)