မြန်မာစာပေတွင်ထင်ဟပ်နေသော ပန်းဆယ်မျိုးလာ ပန်းထိမ်ပညာလေ့လာချက်
Abstract
- မြန်မာစာပေတွင်ထင်ဟပ်နေသော ပန်းဆယ်မျိုးလာ ပန်းထိမ်ပညာစာတမ်းသည် မြန်မာ့လက်မှုပညာ ဖြစ်သော ကမ္ဘာကသိသော ငွေပန်းထိမ်လုပ်ငန်းကို လေ့လာထားသောစာတမ်းဖြစ်ပါသည်။ မြန်မာ့ အနုပညာပန်းဆယ်မျိုးသည် မြန်မာလူမျိုးတို့၏ယဉ်ကျေးမှု အမြုတေရတနာတစ်ပါး ဖြစ်ပေသည်။ ဤစာတမ်းတွင် ပန်းဆယ်မျိုးစာရင်းဝင်ဖြစ်သော ပန်းထိမ်ပညာ၏အစဉ်အလာ ကြီးမားခဲ့သည်ကို သိရှိပြီး စစ်ကိုင်းတက္ကသိုလ်တည်ရှိရာ စစ်ကိုင်းမြို့၏ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော ငွေပန်းထိမ်ပညာသည် မြန်မာ့လူမှုဝန်းကျင်နှင့် ယဉ်ကျေးမှုအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းကို စာပေအမြင်ဖြင့်သာမက လူမှုစီးပွားရေးတိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြ ထားပါသည်။ ထိုသို့တင်ပြရာတွင် မြန်မာ့အနုပညာပန်းဆယ်မျိုးမှ ပန်းထိမ်ပညာ၏ အစဉ်အလာ၊ ငွေပန်းတိမ်ပညာ၏အခန်းကဏ္ဍနှင့် စစ်ကိုင်းမြို့၏ ငွေပန်းထိမ်လုပ်ငန်းကို မှတ်တမ်း တင်ဖော်ထုတ် ခဲ့ပါသည်။ ကမ္ဘာကသိနေပြီဖြစ်သော စစ်ကိုင်းမြို့၏ ငွေပန်းထိမ်အစဉ်အလာကို မှတ်တမ်းတင်ခြင်း ဖြင့် မြန်မာ့ငွေပန်းထိမ်လုပ်ငန်း တိုးတက်ဖြစ်ထွန်း လာစေရန်ရည်ရွယ်၍ ရေးသားပြုစုခဲ့ခြင်းဖြစ်ပါ သည်။
Collections
Download
Year
- 2020
Author
-
Kyi Kyi Khaing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)