တိုင်းရင်းသားရိုးရာဓလေ့များ ထင်ဟပ်နေသည့် ပုံပြင်များလေ့လာချက်
Abstract
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများတွင် ရိုးရာ ဓလေ့၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အသုံးအဆောင်ပစ္စည်းများ၊ ဘာသာစကားများနှင့် မိမိလူမျိုး တို့ နေထိုင်ရာနေရာဒေသ စသည်တို့ဖြစ် တည်လာပုံတို့၏နောက်ကွယ်တွင် တိုင်းရင်းသား လူမျိုးများ ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ ထင်ဟပ်နေသည့် ပုံပြင်အချို့ကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့ လေ့လာတွေ့ရှိရသဖြင့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့၊ယုံကြည်မှုများ သည်ပုံပြင်စာပေတွင် ထင်ဟပ်နေသည့်သဘောကို သိရှိစေလိုသောရည်ရွယ်ချက်ဖြင့် လေ့လာတင်ပြရခြင်းဖြစ်ပါသည်။ ဤ စာတမ်းတွင်ပုံပြင်၏ သဘောသဘာဝနှင့်ပုံပြင်၏ သမိုင်းကြောင်း၊ ပအိုဝ်းလူမျိုး ရာဇဝင်ပုံပြင်၊ ယင်း ကျားတိုင်းရင်းသား လူမျိုးများပေါ်ပေါက်လာပုံနှင့် ပါးစပ်ရာဇဝင်ပုံပြင်၊ ကရင်တိုင်းရင်းသားလူမျိုးတို့ အထွတ်အမြတ်ထားသည့် ဖားစည်နှင့်ဆိုင်သည့် ဒဏ္ဍာရီပုံပြင် များကိုလေ့လာ တင်ပြထား ခြင်းကြောင့် မြန်မာ့စာပေနယ်ရှိ တိုင်းရင်းသားတို့၏ ပုံပြင်စာပေ၏တန်ဖိုး၊ ပုံပြင်စာပေ၏ အရေးပါမှု ကို အထောက်အကူပြု နိုင်မည်ဖြစ်ပါသည်။
Collections
Year
- 2020
Author
-
Theint Theint Nge
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)