ဦးပုည၏စာပေများမှ ဝေဒနာနှင့် အနုပညာ
Abstract
- ဦးပုည၏ စာပေများထဲမှ စာဆို၏ဝေဒနာနှင့် အနုပညာစာတမ်း၏ ရည်ရွယ်ချက်မှာ စာဆိုဦးပုည သည် မန္တလေးခေတ်ကို ကြုံတွေ့ဖြတ်သန်းခဲ့သူဖြစ်သည်။ ထိုခေတ်တွင် တိုင်းပြည်မငြိမ်မသက် ဖြစ်လာကာ ဗြိတိသျှနယ်ချဲ့တို့က လွှမ်းမိုးသိမ်းပိုက်ရန် အမျိုးမျိုးကြံစည်နေချိန်ဖြစ်သည်။ ထိုအချိန်၌ မန္တလေးပြည်သူအများစုသည် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ လူ့မှုဘဝဆက်ဆံရေးတွင် ငွေ မျက်နှာကြည့်သည့်ခေတ်ဖြစ်နေသည်။ သူခိုး၊ ဓားပြပေါ၍ ပြည်သူတို့ဘဝ လုံခြုံမှုကင်းမဲ့နေသည်။ ထိုသို့ ဆင်းရဲဒုက္ခကြုံတွေ့နေရသော ပြည်သူတို့၏ဘဝကို ရေသည်ပြဇာတ်၊ ကာကဝလိယဝတ္ထု၊ သူအိုမကြီးဝတ္ထုတို့ဖြင့် တင်ပြခဲ့သည်။ ထို့ပြင်နန်းတွင်းရှိ မိဖုရားအချို့၏ ဖောက်ပြန်မှုကိုကြုံတွေ့ရာမှ ပဒုမဝတ္ထုကိုရေးဖွဲ့ခဲ့သည်။ စလေဦးပုညသည် ခေတ်ကိုဖြတ်သန်းရင်း ပြည်သူတို့၏ ဒုက္ခအမျိုးမျိုးကို ခံစားသိမြင်ရာမှ အပြုသဘောဆောင်သည့် စာပေများကို ပဒေသရာဇ်အရိပ်အောက်မှနေ၍ သွယ်သွယ် ဝိုက်ဝိုက် ရယ်ရယ်မောမော ရေးဖွဲ့ခဲ့ပုံကို လေ့လာတင်ပြ သွားမည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Nwe Nwe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)