ကျိုးကြောင်းပြအဖွဲ့ ဖွဲ့စည်းပုံများ
Abstract
- ဤစာတမ်းတွင် စာရေးနည်းတစ်မျိုးဖြစ်သည့် ကျိုးကြောင်းပြရေးနည်းကို အသုံးပြုရေးသားသည့် ကျိုးကြောင်းပြအဖွဲ့များ၏ အခြေခံဖွဲ့စည်းပုံ ပုံစံကွဲများကို လေ့လာတင်ပြထားပါသည်။ ပုံစံကွဲများကို တင်ပြရာတွင် နိုင်ငံတကာ၌ အသိအမှတ်ပြုထားသည့် အသုံးများသော ပုံစံကွဲသုံးမျိုးကို လေ့လာ တင်ပြထားပါသည်။ ပထမဦးစွာ အရစ္စတိုတယ်ပုံစံခေါ် ရှေးဦးပုံစံ၏ ဖွဲ့စည်းပုံကို သာဓကများဖြင့် တင်ပြထားပါသည်။ ဒုတိယအနေဖြင့် တော်လမင်ပုံစံကိုလည်းကောင်း၊ တတိယအနေဖြင့် ရော်ဂျာ ပုံစံကိုလည်းကောင်း လေ့လာတင်ပြထားပါသည်။ သာဓကပြရာတွင် စာပေသဘောတရား ဆောင်းပါး များကို အသုံးပြုထားပါသည်။ ဤစာတမ်းပါ တင်ပြချက်များသည် အယူအဆတစ်ရပ်၊ အတွေးအမြင် တစ်ရပ်ကို အကျိုးသင့်အကြောင်းသင့် တင်ပြရာ၌ မိမိတင်ပြချက်ကို ပေါ်လွင်ထိမိစွာ တင်ပြနိုင်မည့် ကျိုးကြောင်းပြ ဖွဲ့စည်းပုံကို ရွေးချယ်ရာတွင် အထောက်အကူ ပြုနိုင်ပါမည်။
Collections
Download
Year
- 2020
Author
-
Tin Tun Naing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)