၂၁ ရာစု ခေတ်ဦးမြန်မာဝတ္ထုတို ဖန်တီးမှုလေ့လာချက်

Thumbnail
Abstract
  • ဤစာတမ်းသည် ၂၁ ရာစုခေတ်ဦး မြန်မာဝတ္ထုတိုဖန်တီးမှုကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါ သည်။ မြန်မာဝတ္ထုတိုများသည် ကမ္ဘာ့ဝတ္ထုတိုများ ပေါ်ပေါက်လာပြီးနောက် ထွန်းကားလာပုံတို့ကို အခန်း(၁)၌ မြန်မာဝတ္ထုတို လမ်းကြောင်းဟုတင်ပြထားပါသည်။ အခန်း(၂)၌ ၂၁ရာစုခေတ်ဦး မြန်မာ ဝတ္ထုတို ဖန်တီးမှုကို လေ့လာတင်ပြရာ၌ အလေ့လာခံအဖြစ် ၂၁ ရာစုခေတ်ဦးတွင် ပေါ်ထွန်းလာသော ညီပုလေး၏ ]ဘွတ်ဖိနပ်တစ်ရန်ထဲက အသံတိတ်ခြေထောက်}၊ ဟမ်စိုင်း(ဆေး-မန်း)၏ ]အစုန်အဆန် စီးဆင်းခဲ့သော်လည်း}နှင့် စာရေးဆရာမ သုတေးစစ်၏ ]ပက်လက်ကုလားထိုင် လေးတစ်လုံး} ဝတ္ထုတို တို့ကို အလေ့လာခံအဖြစ်သတ်မှတ်ထားပါသည်။ ထိုဝတ္ထုတို ၃ပုဒ်၏ အကြောင်းအရာများကို တင်ပြပြီ ထိုဝတ္ထုတိုတို့တွင်အသုံးပြုသည့် အတတ်ပညာများကို ဝတ္ထုများနှင့်ယှဉ်၍ လေ့လာတင်ပြထားပါ သည်။ ထိုသို့လေ့လာတင်ပြရာ၌ မျက်မှောက်ခေတ်ဝတ္ထုတိုများတွင် အများဆုံးအသုံးပြုသည့် ဖန်တီးမှု သဘောကိုရွေးချယ်၍ တင်ပြထားပါသည်။
Collections
Download
  • 24. Daw Nan Myint Myint Kyi (345-362).pdf
Year
  • 2020
Author
  • Nan Myint Myint Kyi
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group