ဒုံးချင်းကဗျာများမှ ရသမြောက်အဖွဲ့များကိုလေ့လာစိစစ်တင်ပြခြင်း
Abstract
- ဤစာတမ်းသည် မြန်မာကဗျာရှိ အချင်းကဗျာစုတွင်ပါဝင်သော ဒုံးချင်းကဗျာများမှရသမြောက် အဖွဲ့ များကိုလေ့လာစိစစ်တင်ပြသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် ကုန်းဘောင်ခေတ် စာဆိုများဖြစ်သော ဦးပုည၊ဆရာလန်း၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်းတို့၏ ဒုံးချင်းများကို အလေ့လာခံ နယ်ပယ်အဖြစ် သတ်မှတ်ပါသည်။ ဒုံးချင်းကဗျာများသည် ရှေးခေတ်မြန်မာတို့၏ လူမှုဓလေ့စရိုက် တစ်မျိုးကို ဖော်ထုတ်သည့်ကဗျာ အမျိုးအစားဖြစ်ပါသည်။ ဓလေ့စရိုက် ဖော်ထုတ်ရာတွင်လည်း ပျော်ရွှင်ခြင်း၊ ရဲရင့်ခြင်းများနှင့်ရသမြောက်စွာ ရေးဖွဲ့လေ့ရှိပါသည်။ ဤစာတမ်းတွင် ထင်ထင်ရှားရှား တွေ့ရသော အဓိကရသနှစ်မျိုးဖြစ်သည့် ဟာသရသ၊ ဝီရရသမြောက်အဖွဲ့များကိုသာ လေ့လာတင်ပြ ထားပါသည်။ ဒုံးချင်းကဗျာအကြောင်းကို လေ့လာတင်ပြခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ထိန်းသိမ်း ရေး အတွက် အထောက်အကူပြုနိုင်မည်ဟု ယူဆပါသည်။
Collections
Download
Year
- 2020
Author
-
Aye Aye Myint
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)