ရင်းမြစ်ဗေဒလေ့လာမှုနှင့် မြန်မာဘာသာစကား ပညာရှင်များအမြင်*
Abstract
- ဤစာတမ်းသည် ဘာသာဗေဒလေ့လာမှုနယ်ပယ်တစ်ခုဖြစ်သော ရင်းမြစ်ဗေဒလေ့လာမှု (Etymology) နှင့် မြန်မာဘာသာစကား ပညာရှင်များ၏ လေ့လာမှုအမြင်ကိုဆက်စပ် ဖော်ထုတ်တင်ပြ လိုခြင်း ဖြစ်ပါသည်။ အလေ့လာခံအဖြစ် ဝေါဟာရအဖွင့်ကျမ်းများနှင့် ဘာသာစကားဆိုင်ရာဆောင်ပါး အချို့ ကို သတ်မှတ်လေ့လာထားပါသည်။ ဤသို့လေ့လာခြင်းအားဖြင့် မြန်မာပညာရှင်ကြီးများ၏ ဝေါဟာရ ကြံဆချက်များသည် အနောက်တိုင်းဘာသာဗေဒ ပညာရှင်များ၏ ဘာသာဗေဒလေ့လာမှု များနည်းတူ စနစ်ကျနစေ့စပ်သေချာသော ကြံဆချက်များဖြစ်ကြောင်းသိရှိစေပြီး ဝေါဟာရအဖွင့် ကျမ်းများ၏ ဂုဏ်ရည်ကို ဖော်ထုတ်တင်ပြရန်ရည်ရွယ်ပါသည်။ ဤစာတမ်းသည်မြန်မာ ဝေါဟာရတို့၏ အနက် အရင်းအမြစ်ကို လေ့လာသိရှိစေနိုင်သည့်နည်းတူ မြန်မာရင်းမြစ်အဘိဓာန်များ ပေါ်ထွန်းစေရေး အတွက်လည်း အထောက်အကူပြုနိုင်လိမ့်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
TinTin Htwe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)