မြန်မာစာအရေးအသား ထုံးမီစံမျှဖြစ်စေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ချက်များ
Abstract
- မြန်မာနိုင်ငံတွင် မြန်မာစာသည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထီးသုံးနန်းသုံးစာ ဖြစ်ခဲ့သည်။ ကိုလိုနီလက်အောက်သို့ ကျရောက်ပြီးနောက် လွတ်လပ်ရေးပြန်လည်ရရှိချိန်မှစ၍ ယနေ့အထိ ရုံးသုံစာအဖြစ် အခြေခံဥပဒေများအရ ပြဋ္ဌာန်းထားသည်။ ထီးသုံးနန်းသုံး ရုံးသုံးဖြစ်သော မြန်မာစာကို ထုံးမီစံမျှရေးသားရန် လိုအပ်ပါသည်။ အရေးအသား ချွတ်ချောလာပါက မြန်မာစာပျက်ယွင်းလာမည် ဖြစ်သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်သည် ခေတ်အဆက်ဆက် မြန်မာစာအရေးအသား မပျက်ယွင်း အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို လေ့လာဆန်းစစ်ပြီး မျက်မှောက်ကာလတွင် မြန်မာစာ အရေးအသား ချွတ်ချော်လာပုံ၊ မြန်မာစာမပျက်ယွင်းရလေအောင် မည်သို့ ထိန်းသိမ်း စောင့်ရှောက် သင့်ပုံတို့ကို အဖြေရှာရန်ဖြစ်သည်။ မြန်မာစာအရေးအသား ပျက်ယွင်းလာသည့် အကြောင်းအရင်း များကို ဤစာတမ်း၏ သုတေသနပြဿနာအဖြစ် ရှာဖွေဖော်ထုတ်ကာ ထုံးမီစံမျှဖြစ်အောင် မည်သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်ကို ရလဒ်အဖြစ် အဖြေရှာထားသည်။ လေ့လာရာတွင် စာပေလေ့လာ နည်း (literature survey method)၊ အမှားစိစစ်လေ့လာနည်း (error analysis)၊ သရုပ်ဖော် နည်း (descriptive method)တို့ကို အသုံးပြုပါသည်။
Collections
Year
- 2020
Author
-
Phyu Phyu Nyein Thwe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)