မျက်မှောက်ခေတ် မြန်မာသတင်းစာနှင့် ဂျာနယ်များတွင်တွေ့ရသော မြန်မာဝါကျ အထားအသိုအမှားများကို လူမှုဘာသာဗေဒရှုထောင့်မှလေ့လာချက်
Abstract
- ဤစာတမ်းတွင် မျက်မှောက်ခေတ် မြန်မာသတင်းစာနှင့် ဂျာနယ်များတွင်တွေ့ရသော မြန်မာဝါကျ ဖွဲ့ပုံရှိ အထားအသိုအမှားများကို လူမှုဘာသာဗေဒရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ဤ စာတမ်း ကိုပြုစုရသည့် ရည်ရွယ်ချက်မှာ ဝါကျဖွဲ့ပုံအမှားများကြောင့် ဆိုလိုချက်လွဲမှားရပုံနှင့် မျက်မှောက်ခေတ် သတင်းစာနှင့်ဂျာနယ်များတွင်တွေ့ရသော ဝါကျဖွဲ့ပုံအမှားများကို အမှန်ဖြစ်လာစေရန်၊ တည့်မတ် ပေးရန် ရည်ရွယ်ပါသည်။ ဝါကျဖွဲ့ပုံမှားလျှင် အနက်အဓိပ္ပာယ်ကောက်ယူရာတွင်လည်း မှားယွင်းနိုင်ပါ သည်။ ဝါကျဖွဲ့ပုံအမှားဟူသည် ဝါကျတစ်ကြောင်းအတွင်းရှိ ပုဒ်အထားအသို မှားယွင်းမှုပင်ဖြစ် သည်။ မျက်မှောက်ခေတ် မြန်မာသတင်းစာနှင့် ဂျာနယ်ဟုဆိုရာ၌ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာဘာသာစကားဖြင့် ထုတ်ဝေသော သတင်းစာနှင့်ဂျာနယ် များကိုဆိုလိုပါ သည်။ မြန်မာသတင်းစာနှင့် ဂျာနယ်များအတွင်းရှိ မြန်မာဝါကျဖွဲ့ပုံရှိ အထားအသို အမှားများ ကင်းစင်စေရန် ပြုလုပ်ရန်လိုအပ်ပါသည်။ ယင်းပြဿနာကို ဖြေရှင်းရာတွင် သရုပ်ဖော်နည်း descriptive methodကို အသုံးပြုလျက် လူမှုဘာသာဗေဒရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် မျက်မှောက်ခေတ် မြန်မာသတင်းစာနှင့် ဂျာနယ်များတွင် ဝါကျအထားအသို မှန်ကန် စေရန် အထောက်အပံ့ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။
Collections
Download
Year
- 2020
Author
-
Mon Mon Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)