မြန်မာဘာသာစကားရှိ အထူးပြုများလေ့လာခြင်း
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိအထူးပြုများကို လေ့လာတင်ပြထားသောစာတမ်း ဖြစ်ပါသည်။ မြန်မာဘာသာစကားရှိ အထူးပြုများကိုတင်ပြရာ၌ အထူးပြုများသည် ဝါကျတွင်း၌ နာမ်၊ ကြိယာတို့နှင့် တွဲကပ်၍ သဒ္ဒါတာဝန်ကိုထမ်းဆောင်နိုင်ကြောင်း၊ အဓိပ္ပာယ်ကိုပိုမိုလေးနက် ပေါ်လွင်စေနိုင်ကြောင်းကို ဝါကျတွင်းအသုံးများကို အလေ့လာခံထား၍ လေ့လာထားပါသည်။ အထူးပြုများကိုတင်ပြရာတွင် နာမ် အထူးပြု၊ ကြိယာအထူးပြု ဖွင့်ဆိုသတ်မှတ်ချက်များ၊ အမျိုးအစားခွဲခြားမှုများ၊ အထူးပြုစကားလုံးများ ဖြစ်ပေါ်လာပုံ၊ အထူးပြုများ၏ ဝါကျတွင်းဖြစ်နိုင်ရာနေရာနှင့် ဝါကျတွင်းအသုံးများဟူ၍ လေ့လာတင်ပြ ထားပါသည်။
Collections
Download
Year
- 2020
Author
-
Thiri Zaw
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)