ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တိုင်းလွယ်လူမျိုးတို့၏ နေ့စဉ်သုံးစကားလေ့လာချက်
Abstract
- ဤစာတမ်းတွင် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုတစ်စုဖြစ်သော တိုင်းလွယ်လူမျိုးများ ဆင်းသက်လာကြပုံ၊ တိုင်းလွယ်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ တိုင်းလွယ်လူမျိုးတို့၏ ဘာသာစကားမျိုးရိုး၊ တိုင်းလွယ်လူမျိုးတို့ပြောဆိုသော နေ့စဉ်သုံးစကား (ဝေါဟာရ)ကို လေ့လာတင်ပြထားပါသည်။ အလေ့လာခံတိုင်းလွယ်လူမျိုးတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အများဆုံးနေထိုင်ကြပါသည်။ တိုင်းလွယ်ဘာသာစကားကို မှတ်တမ်းတင်လိုသည့် ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤစာတမ်းအတွက် အလေ့လာခံဘာသာစကားကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိတိုင်းလွယ်လူမျိုးများ ပြောဆိုသောဘာသာစကားမှ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် တိုင်းရင်းသားဘာသာစကားကို လေ့လာရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါ သည်။ ဤစာတမ်းကို ဘာသာဗေဒနည်းဖြင့် လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2020
Author
-
Khin Chaw Su
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)