ဆရာကြီးမင်းသုဝဏ်၏ မြန်မာဘာသာစကားအမြင်
Abstract
- ဤစာတမ်းသည် "ဆရာကြီးမင်းသုဝဏ်၏ မြန်မာဘာသာစကားအမြင်" ဖြစ်ပါသည်။ ကဗျာ စာဆိုကြီး တစ်ဦးအဖြစ် ဂုဏ်ပြုသိရှိကြသော ဆရာကြီးမင်းသုဝဏ်၏ မြန်မာဘာသာစကား အမြင်ရှိပုံကို ဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြုစုရခြင်းဖြစ်ပါသည်။ ဤစာတမ်းကို ပြုစုရာတွင် ဆရာကြီး မင်းသုဝဏ် ရေးသားပြုစုခဲ့သော မြန်မာဘာသာစကားဆိုင်ရာ ဆောင်းပါး၊ စာအုပ် စာတမ်းများနှင့် ဟောပြောချက်များကို အလေ့လာခံအဖြစ် သတ်မှတ်၍ ဘာသာစကားနည်းနာများဖြင့် တင်ပြထားပါ သည်။ မြန်မာဘာသာစကားနှင့် ပတ်သက်သော မြန်မာစာရေးထုံး၊ သတ်ပုံသတ်ညွှန်း၊ အဘိဓာန်၊ ဘာသာပြန်၊ သဒ္ဒါနှင့်ဘာသာစကားသုတေသန စသည်တို့တွင် ဘာသာစကားအမြင်ရှိကြောင်း သာဓကများနှင့်တကွ စိစစ်ပြုစုထားပါသည်။ ထို့ကြောင့်မြန်မာဘာသာစကား ပညာရှင်တို့၏ ဘာသာ စကားဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို သုတေသနပြုလိုသူများအတွက် အထောက်အကူရရှိစေနိုင် ပါသည်။
Collections
Download
Year
- 2020
Author
-
Tin Myo Han
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)