ရုံးသုံးဘာသာစကားနှင့် စံဘာသာစကား
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိ ရုံးသုံးဘာသာစကား (Offical Language)နှင့် စံဘာသာ စကား (Standard Language)တို့ကို လူမှုဘာသာဗေဒရှုထောင့်က လေ့လာတင်ပြ ထားသည့်စာတမ်း ဖြစ်ပါသည်။ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရုံးသုံးဘာသာစကားကို စနစ်တကျ အသုံးပြုတတ်စေရန်ဖြစ်ပါသည်။ ရုံးသုံးဘာသာစကားကို စနစ်တကျရေးသားမှု မရှိခြင်းကြောင့် အဓိပ္ပာယ်လွဲမှားမှုများ ရှိနိုင်ကြောင်းကို ခြုံယူဆင်ခြင်နည်းကို အသုံးပြု၍သုတေသန ပြုလုပ် ထားခြင်းဖြစ်ပါသည်။ ရုံးသုံးဘာသာစကားကို အသုံးပြုသောအခါ စံဘာသာစကားကို စံချိန်စံညွှန်း နှင့်အညီ တိကျစွာဆောင်ရွက်နိုင်ခြင်းကြောင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျသေချာမှု ရှိလာနိုင်ပါမည်။ လေ့လာရာတွင် ရုံးသုံးဘာသာစကား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စံဘာသာစကား ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ မြန်မာဘာသာစကားတွင် စံဘာသာ စကားတစ်ရပ်ကိုသာ ရုံးသုံး ဘာသာစကားအဖြစ် စနစ်တကျပြောဆို ရေးသားသင့်ကြောင်းတို့ကို သာဓကများဖြင့် လေ့လာတင်ပြ ထားပါသည်။
Collections
Download
Year
- 2020
Author
-
Khin Ni Maw Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)