နေဝင်းမြင့်၏ ဝတ္ထုတိုများမှ ဝါကျဖွဲ့ဟန်
Abstract
- ဤစာတမ်းသည် ]နေဝင်းမြင့်၏ဝတ္ထုတိုများမှ ဝါကျဖွဲ့ဟန်} ကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤသို့လေ့လာရာတွင် ဘာသာဗေဒရေးဟန် နည်းနာများကို အခြေခံ၍ လေ့လာတင်ပြ ထားပါသည်။ ဘာသာဗေဒအရ ဝါကျသည်အရေးကြီးဆုံး ဘာသာဗေဒယူနစ် ဖြစ်သည်။ ထို့ကြောင့် ဤစာတမ်းတွင် ဖွဲ့စည်းပုံအရ ဝါကျအမျိုးအစားများကို လေ့လာစိစစ် တင်ပြထားပါသည်။ ဖွဲ့စည်းပုံ အရဝါကျရိုးနှင့် ဝါကျရောတို့ကို မည်သို့အသုံးပြုရေးသားဟန်တို့ကို ဖော်ထုတ်စိစစ်လေ့လာ ပါသည်။ စာရေးသူ၏ ဝါကျအမျိုးအစားအသုံးပြုမှု ပိုင်နိုင်ခြင်းကြောင့် ဝတ္ထုတိုများပီပြင်စေမှု၊ အကျိုးသက်ရောက်စေမှု၊ စာဖတ်သူကို ပြောပြလိုသော အချက် သို့ရောက်အောင် ပို့ဆောင်ရေးသား နိုင်စွမ်းရှိမှုတို့ကိုလည်း အကဲဖြတ်စိစစ်လေ့လာ ဖော်ထုတ်ထားပါသည်။
Collections
Year
- 2020
Author
-
Shwe Ye Myat Mon
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)