ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ထွက်မိန့်ခွန်း(၂)ရပ်အားဟန်ဗေဒ(ဘာသာ)ရှုထောင့်မှ လေ့လာချက်
Abstract
- ဤစာတမ်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ၏ စစ်ထွက်မိန့်ခွန်းနှစ်ရပ်ကို ဟန်ဗေဒ(ဘာသာဗေဒ)ရှုထောင့်မှ လေ့လာတင်ပြချက် ဖြစ်ပါသည်။ တင်ပြရာတွင်ဝါကျဟန်ကိုသာ ဟန်ဗေဒအရ လေ့လာတင်ပြပါသည်။ဟန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် များ၊ ဟန်ဗေဒ၊ မိန့်ခွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စစ်ထွက် မိန့်ခွန်း(၂)ရပ်ကို ဟန်ဗေဒ(ဘာသာ) ရှုထောင့်မှ လေ့လာချက်ဟူ၍ ပိုင်းခြားတင်ပြထားပါသည်။ ဝါကျဟန်သည် ရွေးချယ်အသုံးပြုခဲ့ သူ၏ စရိုက်သွင်ပြင်၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားစသည်တို့ကို ထင်ဟပ်ဖော်ပြသည်။ ၎င်း တို့ကိုဟန်ဗေဒ(ဘာသာဗေဒ) ရှုထောင့်မှလေ့လာခြင်းဖြင့် မြန်မာဘာသာ စကား၏ထူးခြားသော သဘောသဘာဝများကိုလည်း သိရှိခွင့်ရနိုင်ပါသည်။ ထို့ပြင်ယင်းမိန့်ခွန်းများကို ပြောဆိုမိန့်ကြားခဲ့ သော ဗိုလ်ချုပ်၏စရိုက်သွင်ပြင်၊ ပင်ကိုစွမ်းရည်၊ စိတ်နေစိတ်ထား၊ လူမှုဝန်းကျင်တို့ကိုလေ့လာ ဖော်ထုတ်နိုင်သည့်နည်းတူ ဗိုလ်ချုပ်ကျင်လည် ရှင်သန်ခဲ့ရာခေတ်ကာလ အခြေအနေနှင့်လူ့အဖွဲ့ အစည်းတို့၏ သွင်ပြင်များကိုပါ လေ့လာဖော်ထုတ်နိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Zin Mar Htwe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)