မြန်မာဘာသာစကား၏ အနက်ဆက်စပ်ခြင်း
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကား၏ အနက်ဆက်စပ်ခြင်းကို လေ့လာသည့်စာတမ်း ဖြစ်ပါသည်။ မြန်မာဘာသာစကားသည် ဘာသာဗေဒတွင် ဧကဝဏ္ဏဘာသာစကား/တစ်သီးပုဂ္ဂလဘာသာစကား၊ ပူးတွဲဘာသာစကားဖြစ်သည်။ မြန်မာဘာသာစကားတွင် စကားလုံးများဆက်စပ်လျှင် သဒ္ဒါအရ၊ အနက်အရ ဆက်စပ်ကြပါသည်။ စကားလုံးများမည်သို့မည်ပုံ ဆက်စပ်သည်ကို ဘာသာဗေဒ၏ နယ်ပယ်ရှိ အတ္ထဗေဒရှုထောင့်မှ လေ့လာဖော်ထုတ်ခြင်းလည်းဖြစ်ပါသည်။ ဘာသာဗေဒ၏သဒ္ဒါ စပ်ခြင်းသည် အနက်ကိုအခြေခံပြီး လေ့လာဖော်ထုတ်တင်ပြပါမည်။ အတ္ထဗေဒဖြင့်အနက် ဆက်စပ် ခြင်းကို အနက်တူ၊ အနက်ဆန့်ကျင်၊ အနက်အကျုံးဝင်ခြင်းနှင့် အနက်အကျုံးမဝင်ခြင်း စသည်တို့ကို လေ့လာတင်ပြမည်ဖြစ်သည်။ ထိုသို့လေ့လာခြင်းဖြင့် မြန်မာဘာသာစကား၏ အနက်ဆက်စပ်ပုံကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2020
Author
-
Than Than Aye
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)