ထိုင်းနိုင်ငံခရီးသွားဒေသများအကြောင်းကို လူမှုဘာသာဗေဒအမြင်ဖြင့် လေ့လာသုံးသပ်ခြင်း
Abstract
- ဤစာတမ်းသည် ထိုင်းနိုင်ငံမဟာစာရက်ခမ်တက္ကသိုလ်တွင် (၄)နှစ်ကြာတာဝန် ထမ်းဆောင် နေစဉ်အတွင်း ဒေသန္တရလေ့လာရေးအဖြစ် ခရီးများစွာကို သွားလာခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအတွက် လှုပ်ရှားမှုခရီးစဉ်များစွာကို သွားလာခဲ့ရပါသည်။ တက္ကသိုလ်တွင် သင်ကြားနေကြသော ကျောင်းသားကျောင်းသူများအတွက် ဒေသန္တရဗဟုသုတခရီးစဉ်များ၊ စာပေ သင်ကြားရေး ဘာသာရပ်များမှ သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ဆောင်းပါး ရေးသားခြင်း အတတ်ပညာဘာသာ၊ စကားပြန်ဘာသာ၊ ဘာသာစကားနှင့် လူထုဆက်သွယ်ရေး ဘာသာ၊ ပညာရပ်ဆိုင်ရာ စကားပြောဘာသာ၊ သုတေသနဘာသာ၊ ]]ဓာတ်ပုံပညာ၊ သတင်းထောက် ပညာအစရှိသည့် ဘာသာရပ်များနှင့် သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချမှုများအတွက် အထောက်အကူပြုရန်၊ လေ့လာရန်၊ အင်တာဗျူးရန်၊ ဒေသတွင်းလူမျိုးများနှင့် စကားအပြန်အလှန် ပြောဆိုရန်၊ ဆောင်းပါးရေးသားရန်၊ သတင်းထောက်လှမ်းရန် စသည့်ရည်ရွယ်ချက်များနှင့် ခရီးစဉ် များစွာကိုသွားရောက်ခဲ့ရပါသည်။ ထိုခရီးစဉ်များအကြောင်းနှင့် ထိုင်းလူမျိုးတို့၏ ခရီးသွားခြင်းအပေါ် ထားရှိသည့် စိတ်သဘောထားများ၊ ပညာရေးနှင့်ခရီးသွားလာခြင်းဆက်စပ်ပုံများ၊ ဒေသန္တရခရီးစဉ် များကို လေ့လာပုံ၊ မှတ်တမ်းတင်ပုံများကို လူမှုဘာသာဗေဒအမြင်ဖြင့် လေ့လာသုံးသပ်မည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ ထိုစာတမ်းသည် ခရီးသွားစာပေနှင့်ခရီးသွားလာရေးအပေါ် ခံယူချက် များ၊ ခရီးစဉ်နှင့်ပညာရေး ဆက်စပ်ထားရှိပုံ၊ ခရီးသွားဆိုင်ရာ လေ့လာမှုများအတွက်များစွာ အထောက်အကူဖြစ်မည့် စာတမ်းတစ်စောင်ဟု မျှော်မှန်းမိပါသည်။
Collections
Download
Year
- 2020
Author
-
Khaing Cho Latt
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)