လော်ဝေါ်တိုင်းရင်းသားတို့၏ ဓလေ့သုံးစကားများ
Abstract
- ဤစာတမ်းသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်ကြသော လော်ဝေါ်တိုင်းရင်းသားတို့၏ ဓလေ့ သုံးစကားများကို သုတေသနပြုထားသော စာတမ်းဖြစ်ပါသည်။ လော်ဝေါ်တိုင်းရင်းသားတို့၏ နေ့စဉ်သုံးစကားတွင် ဓလေ့သုံးစကားများကို ကြားနေရသော်လည်း မည်သည့်ဓလေ့မှ ဆင်းသက် လာကြောင်းကို သိသူနည်းလွန်းပါသည်။ လူသိနည်းသော ဝေါဟာရတစ်ခုသည် ပျောက်ကွယ်သွား နိုင်ပါသည်။ ဘာသာစကား ပျောက်ကွယ်သွားလျှင် လူမျိုးလည်း ပျောက်ကွယ်သွားနိုင်ပါသည်။ ဤအချက်ကို အဓိကပြဿနာတစ်ရပ်အဖြစ် ဖြေရှင်းနိုင်ရန် ဘာသာစကားရှုထောင့်မှ စနစ်တကျ သုတေသနပြုခြင်းဖြစ်ပါသည်။ သုတေသနပြုရာတွင်လည်း သုတေသနဆိုင်ရာ နည်းလမ်းများ အနက် ကွင်းဆင်းလေ့လာမှု၊ ဆွေးနွေးမေးမြန်းမှု၊ အသံသွင်းယူမှု၊ ဓာတ်ပုံအထောက်အထားများရယူမှု စသည် ဖြင့် အချက်အလက်ကောက်ယူစုဆောင်းသည့် သုတေသနနည်းကို အသုံးပြုထားပါသည်။ ထို့ပြင် လော်ဝေါ်တို့၏ ဓလေ့သုံးစကားများကို ဖော်ထုတ်ရာ၌ ဓလေ့သုံးစကားများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်း ၅ ရပ်အပေါ်တွင်အခြေခံပြီး သုတေသနပြုထားပါသည်။
Collections
Download
Year
- 2020
Author
-
Soe Soe Naing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)