ရှမ်းစကားထာများကိုသိမြင်မှုဆိုင်ရာ အတ္ထဗေဒရှုထောင့်မှလေ့လာချက်
Abstract
- ဤစာတမ်းသည် ဘာသာစကားဆိုင်ရာအသိအမြင်များ၊ အတွေးအခေါ် စိတ်ကူးစိတ်သန်းများ၊ လူမှုပတ်ဝန်းကျင် အတွေ့အကြုံများမှ ရရှိလာသော အသိအမြင်များ၊ တင်စားမှုဥပစာများကို အခြေခံ၍ အနက်အဓိပ္ပာယ်များကို ကွယ်ဝှက်ထားသည့် ရှမ်းစကားထာများကို သိမြင်မှုဆိုင်ရာ အတ္ထဗေဒ ရှုထောင့်မှ လေ့လာဖော်ထုတ်ထားသော စာတမ်းဖြစ်ပါသည်။ ယခုအခါ ရှမ်းစကားထာများ တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့်အတွက် အချိန်မီထိန်းသိမ်းလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာခြင်း ဖြစ်ပါသည်။ လေ့လာရာတွင် တွေးတောဆင်ခြင် စဉ်းစားမှုများမှရရှိလာသည့်သိမှုများကို အခြေခံ၍ ဘာသာစကားများ၏ အနက်အဓိပ္ပာယ်ကို လေ့လာဖော်ထုတ်သော သိမြင်မှုဆိုင်ရာအတ္ထဗေဒ ပညာ ရပ်ကိုအသုံးပြု၍ ရှမ်းစကားထာများကို အလေ့လာခံအဖြစ် သတ်မှတ်လေ့လာထားပါသည်။ ဤစာတမ်းတွင် စကားထာဟူသည်၊ သိမြင်မှုဆိုင်ရာ အတ္ထဗေဒ၊ ရှမ်းစကားထာများကို အမျိုးအစား ခွဲခြား၍လေ့လာခြင်းစသည့် အပိုင်းများခွဲ၍ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းပါ လေ့လာချက် များသည် ရှမ်းတိုင်းရင်းသားတို့၏ အတွေးအခေါ်မြင့်မားမှု၊ Óဏ်ရည်ထက်မြက်မှု၊ ဗဟုသုတ နှံ့စပ်မှုတို့မှ ပေါင်းစပ်ရရှိလာသည့်သိမြင်မှုတို့ ပေါင်းစပ်၍ အနက်အဓိပ္ပာယ်ပြည့်ဝလှသည့် စကားထာ များကို ဖန်တီးနိုင်မှုစွမ်းရည်တို့ကို သိရှိလာစေနိုင်ပြီး အခြားပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စကားထာများကိုလေ့လာရာတွင်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Nu Nu Thein
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)