ရခိုင်ဘာသာစကားရှိ ကြိယာဝိသေသနပြဿနာ
Abstract
- ဤစာတမ်းသည် ရခိုင်ဘာသာစကားရှိ ကြိယာဝိသေသနပြဿနာကို ဆန်းစစ်လေ့လာထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ကြိယာကိုကြိယာအထူးပြု ပြုလုပ်ထားသော ကြိယာ ဝိသေသနစကားလုံးများနှင့် ရခိုင်ဘာသာစကားရှိ ကြိယာဝိသေသန စစ်စစ် ရှိ- မရှိ ပြဿနာ ဟူ၍ နှစ်ပိုင်းခွဲကာတင်ပြပါမည်။ ကြိယာကို ကြိယာအထူးပြု ပြုလုပ်ရာတွင် အဆက်ကပ်စနစ်၊ နှစ်ထပ်ပြု စနစ်၊ အဆက်ထည့်နှစ်ထပ်ပြုစနစ်၊ အသံကာရန်လိုက်စနစ်၊ ဗျည်းတူလိုက်စနစ် ဟူ၍အပိုင်း ငါးပိုင်း ခွဲကာ လေ့လာတင်ပြထားပါသည်။ ကြိယာဝိသေသန စစ်စစ်ရှိ- မရှိ အပိုင်းတွင် စကားလုံးတို့သည် ကြိယာ၏သြဇာလွှမ်းမိုးမှု မရှိဘဲပင်ကိုအားဖြင့် ကြိယာဝိသေသန စစ်စစ်ဖြစ်ကြောင်းကို လေ့လာ တင်ထားသော စာတမ်းဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Ei Ei Mon
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)