မမြင်ရသောအနက်များ
Abstract
- ဤစာတမ်းသည် လူမှုနယ်ပယ်အသီးသီးတွင် ဆက်သွယ်ပြောဆိုနေကြသော စကားခွန်းထဲတွင် မပါဝင်သည့် မမြင်ရသော အနက်များဖော်ထုတ်နိုင်သော သဘောတရားများကို လေ့လာထားသော စာတမ်းဖြစ်ပါသည်။ မမြင်ရသောအနက်များကို စကားအဆက်အစပ်အရ၊ အခြေအနေအဆက် အစပ်အရ၊ အစုအဖွဲ့ထုံးဓလေ့အရ၊ ဖွဲ့ယှက်ပါဝင်နေတတ်သော အနက်သဘောများအရ ယဉ်ကျေး ချေငံမှုသဘောအရ၊ ကြားခံဘာသာစကား၏ သဒ္ဒါအသုံးနှင့် သွင်ပြင်လက္ခဏာများကို သိမှုအရ၊ စာပေဗဟုသုတအခံရှိမှုအရ၊ နာသူ၏ ဗီဇစိတ်သိမှုအရ ဖော်ထုတ်နိုင်ကြောင်းကိုသာ လေ့လာတင်ပြ ထားပါသည်။ နေ့စဉ်သုံးမြန်မာအပြောစကားများကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ဆန်းစစ် လေ့လာသည့် သုတေသနနည်းနာကိုသုံး၍ လက်တွေ့အတ္ထဗေဒလေ့လာမှုဆိုင်ရာ သီအိုရီများနှင့် ချဉ်းကပ် လေ့လာပါသည်။ လက်တွေ့အတ္ထဗေဒ၏ အခြေခံလက္ခဏာရပ်များ၊ မြန်မာဘာသာ စကား၏ သိမ်မွေ့မှုများကို အားပြုဖော်ထုတ်ရန် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Khine Maw Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)