မြန်မာဘာသာစကားမှပစ္စည်း ၁စကားလုံးများ၏အရေးပါမှု
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိ ပစ္စည်းများ၏အရေးပါမှုကို ဖော်ထုတ်တင်ပြမည့်စာတမ်း ဖြစ်ပါသည်။ မြန်မာဘာသာစကား၏ ဝါစင်္ဂအမျိုးအစား ခွဲခြားသတ်မှတ်မှု၌ နာမ်၊ ကြိယာ၊ ပစ္စည်း သုံးမျိုးသာရှိကြောင်း သတ်မှတ်ကြသည့် ဘာသာဗေဒ ပညာရှင်များစွာရှိပါသည်။ မြန်မာဘာသာ စကားရှိ ပစ္စည်း၏သိမ်မွေ့မှု၊ ထွေပြားမှုကို သတိပြုဖော်ထုတ်ခဲ့ကြသည်များလည်း ရှိပါသည်။ ဤစာတမ်း၌ ဘာသာဗေဒပညာရှင်များ၏ ပစ္စည်းအပေါ် အမြင်သဘောထားများ၊ ပစ္စည်းစကားလုံး၏ သဘော လက္ခဏာများနှင့် ပစ္စည်းစကားလုံးအမျိုးအစားများအကြောင်း လေ့လာတင်ပြပါမည်။ ပစ္စည်း၏အရေးပါမှုကို ရှုထောင့်စုံမှ သုတေသနပြု ဖော်ထုတ်တင်ပြသွားပါမည်။ လေ့လာမှုနယ်ပယ် သည် ဘာသာဗေဒနယ်ပယ်မှ သရုပ်ဖော်ဘာသာဗေဒနယ်ပယ်ခွဲ ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Khin Mar Swe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)