ဖလမ်းချင်းဘာသာစကား၏ စကားသံဖွဲ့ပုံ လေ့လာချက်
Abstract
- ဤစာတမ်းသည် ဖလမ်းချင်းဘာသာစကား၏ စကားသံဖွဲ့ပုံကို လေ့လာတင်ပြ ထားသော စာတမ်း တစ်စောင်ဖြစ်ပါသည်။ လေ့လာမှုဘာသာရပ်နယ်ပယ်မှာ မြန်မာစာပေနယ်ပယ်ရှိ ဘာသာစကား လေ့လာမှုနယ်ပယ်ပင် ဖြစ်ပါသည်။ ဖလမ်းချင်းတိုင်းရင်းသားတို့၏ အပြောစကားကို အလေ့လာခံ နယ်ပယ်အဖြစ်သတ်မှတ်၍ ဘာသာစကားချဉ်းကပ် လေ့လာသည့်နည်းစနစ်များဖြင့် လေ့လာ တင်ပြထားပါသည်။ ဤစာတမ်းသည် ဖလမ်းချင်းဘာသာစကား၏ စကားသံဖွဲ့ပုံကို ဖော်ထုတ်ရန် ရည်ရွယ်၍ ရေးသားခဲ့သော စာတမ်းဖြစ်ပါသည်။ ထိုသို့ ဖော်ထုတ်တင်ပြခြင်းဖြင့် ဖလမ်းချင်းဘာသာ စကား၏ စကားသံဖွဲ့ပုံများကို သိရှိနိုင်မည်ဖြစ်ပြီး သဒ္ဒါဖော်ထုတ်မှုကိုပါ အထောက်အကူဖြစ်စေ နိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Sabai
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)