မြန်မာဘာသာစကားနှင့် ဟောပြောမှုဆိုင်ရာအတတ်ပညာ(သို့မဟုတ်) ဘာသာစကားစွမ်းရည်(လူမှုဘာသာဗေဒလေ့လာချက်
Abstract
- မြန်မာဘာသာစကားတွင် အရေးဘာသာစကားနှင့် အပြောဘာသာစကားဟူ၍ရှိရာ ဤ စာတမ်းတွင် အပြောဘာသာစကားကို အဓိကထား၍ တင်ပြသွားပါမည်။ မြန်မာဘာသာ စကားသည် အလွန် နက်ရှိုင်း ကျယ်ဝန်းသောကြောင့် ပရိသတ်အလယ်တွင် ဟောပြောနိုင်မှု သည်လည်း အရည်အချင်း တစ်ရပ်ဖြစ်သည်။ မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲများ၊ စာပေ ဟောပြောပွဲများ၊ နိုင်ငံရေးပါတီများ ၏စည်းရုံးလှုံ့ဆော်မှုပွဲများစသည့်ပွဲများတွင် ဟောပြောမှုဆိုင်ရာ အတတ်ပညာသည် လိုအပ်ပေ သည်။ မိမိ၏ဆိုလိုရင်းကို တစ်ဖက်လူက ရှင်းလင်းနားလည်သဘောပေါက် လက်ခံလာအောင် ဟောပြောဆွဲဆောင်နိုင်မှသာ မိမိ၏ဟောပြောမှု လုပ်ငန်းအောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် ဤ စာတမ်းသည် ဟောပြောမှုတာဝန်ကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ထိရောက်သောဟောပြော မှုကို စနစ်တကျသုံးတတ် စေရန် ]]လူမှုဘာသာဗေဒ}}ပညာဖြင့် တင်ပြသွားပါမည်။
Collections
Download
Year
- 2020
Author
-
Lay Ngon
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)