စကားပြောစိစစ်မှုဆိုင်ရာ သဘောလက္ခဏာရပ်များ လေ့လာချက်
Abstract
- ဤစာတမ်းသည် စကားပြောစိစစ်မှုဆိုင်ရာ သဘောလက္ခဏာရပ်များကို လေ့လာတင်ပြထား သောစာတမ်းဖြစ်ပါသည်။ ဤစာတမ်းကို တင်ပြရာတွင် အဓိကအားဖြင့် စကားအလှည့်ယူ ခြင်းနှင့် ဆိုင်သည့်အကြောင်းအရာများကို လေ့လာတင်ပြထားခြင်းဖြစ်ပါသည်။ အလှည့်ယူ ခြင်းတွင် အလှည့် ခွဲဝေမှုဆိုင်ရာယန္တရားနှင့် ဝေါဟာရဆိုင်ရာအသုံးပြုမှုတို့ပါဝင်သည်။ ဆက်လက်၍ အလှည့်ခွဲဝေမှု အခန်းကဏ္ဍ၊ အလှည့်ပေးခြင်း ဆက်စပ်ကူးပြောင်းမှုအခန်းကဏ္ဍ၊ ဦးဆောင်စကားပြောသူက နောက်စကားပြောသူကို ရွေးချယ်အလှည့်ပေးမှု၊ နောက်စကားပြောသူက မိမိကိုယ်ကိုယ် ရွေးချယ် အလှည့်ယူမှု၊ ဆွေးနွေးသူက ဆက်လက်အလှည့်ယူခြင်း၊ ကပ်လျက်အစုံနှင့် တိုးချဲ့မှုဖြစ်စဉ် စသည့် အခန်းကဏ္ဍတို့ ပါဝင်သည်။ တိုးချဲ့မှုဖြစ်စဉ်တွင် တိုးချဲ့မှုမူလဖြစ်စဉ်၊ ကြားထိုးတိုချဲ့မှုဖြစ်စဉ်၊ ဆိတ်ငြိမ်ခြင်း၊ ကြားလပ်မှုဖြစ်ခြင်း၊ ဆိုင်းငံ့မှုဖြစ်ခြင်းနှင့် ရပ်နားမှုဖြစ်ခြင်းတို့ကို လေ့လာတင်ပြထား ပါသည်။
Collections
Download
Year
- 2020
Author
-
Tin Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)