ဗန်းမော်တင်အောင်၏ရေးဟန်
Abstract
- ဤစာတမ်းသည် စာရေးဆရာဗန်းမော်တင်အောင်၏ ရေးဟန်ကိုလေ့လာတင်ပြထားသော စာတမ်းဖြစ် သည်။ ဗန်းမော်တင်အောင်သည် ရသစာပေဖြစ်သောဝတ္ထုတို ဝတ္ထုရှည် များကိုသာမက မြန်မာနိုင်ငံ သမိုင်း၊ ကိုလိုနီခေတ် မြန်မာနိုင်ငံဟူသောသမိုင်းစာပေများ၊ သဘာ၀သိပ္ပံ၊ သဘာ၀သိပ္ပံပညာရှင် အိန်းစတိန်း၊ ရုပ်ကမ္ဘာစသည့် သဘာ၀သိပ္ပံဆိုင်ရာ ကျမ်းများ၊ ဆိုရှယ်လစ်ဋီကာကဲ့သို့သော နိုင်ငံရေး သဘောတရား ဆိုင်ရာစာအုပ်များ၊ လင်းယုန်သတင်းစာနှင့်ဂျာနယ်၊ အယ်ဒီတာခေါင်းကြီးများ၊ ဆောင်းပါးများစသည့်နိုင်ငံရေး ဝေဖန်သုံးသပ်ချက်စာပေများကိုလည်းရေးသားခဲ့ပါသည်။ ထိုသို့ဖြစ် သောကြောင့် ဗန်းမော်တင်အောင်၏ စာပေရေးဟန်ကို လေ့လာတင်ပြရာတွင် ဝတ္ထုများတွင် တွေ့ရသော ရသစာပေရေးဟန်နှင့် သမိုင်း၊ နိုင်ငံရေး၊ သိပ္ပံပညာရပ်များတွင်တွေ့ရသော သုတစာပေ ရေးဟန်ကိုပါ လေ့လာတင်ပြ မည်ဖြစ်ပါသည်။ထိုသို့လေ့လာတင်ပြရာ၌ ရေးဟန်၏သဘော၊ ရသ စာပေရေးဟန်၊ သုတစာပေရေးဟန်ဟူ၍ ခွဲခြားလေ့လာတင်ပြမည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Lwin Mar Oo
Subject
- myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)