တွင်းသင်းမင်းကြီး ဦးထွန်းညို၏ ပျို့များမှ ဥပမာအလင်္ကာများလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်အတွင်းရှိ ကဗျာကဏ္ဍတွင် ပါဝင်သော ပျို့ ကဗျာကို အခြေခံ၍ လေ့လာတင်ပြထားသည့် စာတမ်းဖြစ်ပါသည်။ ဤစာတမ်း ကို တင်သွင်းရာ၌ မုဒုလက္ခဏ ပျို့၊ ဘလ္လာတိယပျို့၊ ဇနကပျို့(၃)စောင်ကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ဥပမာ အလင်္ကာ၏ သဘောသဘာဝနှင့် စာဆို၏ ဥပမာအလင်္ကာဖွဲ့စပ်ဖန်တီးပုံတို့ကို ဖော်ထုတ် တင်ပြလိုသည့် ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) တွင်းသင်းမင်းကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း၊ အခန်း(၂) ဥပမာအလင်္ကာ၏ သဘောသဘာဝ၊ အခန်း (၃) တွင်းသင်း မင်းကြီးဦးထွန်းညို၏ပျို့များမှ ဥပမာအလင်္ကာများလေ့လာချက်ကို လေ့လာတင်ပြထားပါ သည်။ တွင်းသင်းမင်းကြီး၏ ဥပမာအလင်္ကာများသည် မြန်မာစာပေ၏တန်ဖိုးကို မြင့်မားစေသော ဖန်တီးမှုများဖြစ်ကြောင်း တွေ့ရပါ သည်။ ပျို့ကဗျာ လေ့လာလိုသူတို့အတွက် အကျိုး ကျေးဇူးများစွာ ရရှိနိုင် ပါသည်။
Collections
Download
Year
- 2018
Author
-
Ei Ei Mon
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)