ဘုံခန်းပျို့စာဆို၏ စိတ်ကူးနှင့်အရေးအဖွဲ့
Abstract
- ဤစာတမ်းသည် နေမိဘုံခန်းပျို့မှ စာဆိုရှင်အဂ္ဂသမာဓိ၏ စိတ်ကူး နှင့် အရေးအဖွဲ့စွမ်းရည်ကို လေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဘုရားဟောဇာတ်တော်လာ နေမိမင်းကြီး၏ အကြောင်းကို ပျို့အဖြစ် ပြန်လည်ရေးဖွဲ့ရာ၌ ဇာတ်လမ်းဆန်းကြယ်အသက်ဝင်လာအောင် စိတ်ကူးနှင့် ဖြည့်စွက်ဖန်တီးထားသော အခန်းများ ပါဝင်ပါသည်။ ဗီရဏီနတ်သမီးအား နေမိမင်းကြီး တွေ့မြင်သောအခါ စိတ်လှုပ်ရှား ခံစားမှုများ ဖြစ်ပေါ်ဟန် တင်ပြပြီးလျှင် ဗီရဏီ၏အတိတ်ဘဝ ဇာတ်ကြောင်းကို ကရုဏာသက်ဖွယ်၊ လိုက်နာကျင့်သုံးချင်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည်။ စာဆို၏စိတ် ကူးကို ပုံပေါ်လာအောင် အထောက်အကူပြုထားသောအရေး အဖွဲ့ကောင်းများကို လေ့လာတင်ပြထားပါသည်။ အခန်း(၁)တွင် စာဆို၏ဘဝနှင့် စာပေ၊ အခန်း (၂)တွင် ပျို့စာပေ၏သဘော၊ အခန်း(၃)တွင်စာဆို၏ စိတ်ကူးနှင့်အရေး အဖွဲ့တို့ ဖြစ်ပါသည်။
Collections
Download
Year
- 2018
Author
-
San San Oo
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)