သုခမိန်လှိုင်၏ အငြိမ့်ကဗျာအစီအစဉ်ကို စိစစ်လေ့လာခြင်း
Abstract
- ဤစာတမ်းသည် ခေတ်ပေါ်(မော်ဒန်)ကဗျာတစ်ဦး၏ ကဗျာ့အတွေး၊ ကဗျာ့ အလှနှင့် ကဗျာ့ ကျေးဇူးကို လေ့လာဖော်ထုတ်ကြည့်သော စာတမ်းတစ်စောင် ဖြစ်ပါသည်။ ခေတ်ပေါ် ကဗျာဖန်တီးသူနှင့် ခေတ်ပေါ်ကဗျာခံစားသူတို့၏ ကြားရှိ နားလည်ခံစားမှုအကွာအဝေးကို စိစစ်ကြည့်ခြင်းအားဖြင့် ကဗျာ့အလှ နှင့် ကဗျာကျေးဇူးများ ပေါ်လွင်လာမည်ဟု ယုံကြည်ပါသည်။ ဤယုံကြည် ချက်ဖြင့် သုခမိန်လှိုင်၏ အငြိမ့်ကဗျာအစီအစဉ်ကို ခေတ်ပေါ်ကဗျာဆိုင်ရာ သဘောတရားစာအုပ်စာပေများနှင့် ချဉ်းကပ်၍ စိတ်လေ့လာ တင်ပြထားပါ သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်ပေါ်လွင်လာစေရန် (၁) အငြိမ့်ကဗျာ အစီအစဉ်များနှင့် ကဗျာ့အတွေး (၂) အငြိမ့် ကဗျာအစီအစဉ်များနှင့် ကဗျာ့ ပန်းတိုင် (၃) အငြိမ့်ကဗျာ အစီအစဉ်များနှင့် ကဗျာဖတ်သူတို့၏ အဆက် အစပ် ဟူ၍ ကဏ္ဍများခွဲ၍ ဤစာတမ်းကို ပြုစုထားပါသည်။ ဤစာတမ်းသည် ခေတ်ပေါ်ကဗျာ (မော်ဒန်) ကဗျာ အဆင့်ဆင့် ဖွံ့ဖြိုး တိုးတက်လာပုံကို သုတေသန ပြုလိုသူများအတွက် အကျိုးတစ်စုံတရာပြုမည်ဟု ယုံကြည်ပါ သည်။
Collections
Download
Year
- 2018
Author
-
Khin Mar Thet
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)