ချစ်ဦးညို၏ ဇာတ်တော်ကြီးဝတ္ထုရှည်များမှ ဇာတ်ပျိုးပိုင်း ဖန်တီးရေးဖွဲ့ပုံ
Abstract
- ဤစာတမ်းသည် မြန်မာစာပေအပိုင်း၊ ဝတ္ထုစာပေအတတ်ပညာပိုင်းကို လေ့လာတင်ပြ ထားသော စာတမ်းဖြစ်ပါသည်။ ချစ်ဦးညို၏ဇာတ်တော်ကြီး ဝတ္ထုရှည်များမှ ဇာတ်ပျိုးပိုင်း ဖန်တီးရေးဖွဲ့ပုံကို လေ့လာတင်ပြရာတွင် ချစ်ဦးညို၏ ဇာတ်တော်ကြီး ဝတ္ထုရှည်(၆)ပုဒ် ဖြစ်သော အဓိဋ္ဌာနကုမာရ (တေမိယဇာတ်တော်)၊ ဟိမဝန္တာခရီးသည် (မဟာဇနက ဇာတ်တော်)၊ ငြိမ်းချမ်းရေးမဟာတမန် (မဟောသဓာဇာတ်တော်)၊ စာမရီသို့ ထူးထူးခြား (ဘူရိဒတ္ထဇာတ်တော်)၊ ဣန္ဒပတ္ထနှလုံးသား(ဝိဓုရဇာတ်တော်)၊ ဝသုန်ဤမြေ သိကြားစေ သက်သေညွှန်း (ဝေဿန္တရာဇာတ်တော်) ဝတ္ထုတို့ကို အလေ့လာခံအဖြစ် ထားရှိပါသည်။ ဝတ္ထု(၆)ပုဒ်မှ ဇာတ်ပျိုးပိုင်းဖန်တီးမှုကို လေ့လာတင်ပြထားပါသည်။ ဇာတ်တော်ကြီး စာပေ ပုံသဏ္ဌာန် လေ့လာလိုသူများနှင့် ချစ်ဦးညို၏ ဝတ္ထုဖန်တီးမှုအတတ်ပညာ လေ့လာ လိုသူများအတွက် အထောက်အကူပြုနိုင်ပါမည်။
Collections
Download
Year
- 2021
Author
-
Win Min Than
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)