မင်းသုဝဏ်၏ကဗျာများမှ အကြောင်းအရာနှင့် အသံကာရန် ဆက်နွယ်ပုံ
Abstract
- ဤစာတမ်းကို ရေးသားခြင်းသည် ကဗျာစာဆိုတို့၏ ကဗျာအဖွဲ့အစပ်နှင့် ကာရန်ယူပုံကိုလေ့လာတင်ပြ လိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤစာတမ်းတွင် ကဗျာ့သဘောသဘာဝ၊ ကာရန်နှင့်အသံစနစ် များ၊ ကာရန်အကြောင်း၊ အသံအကြောင်း၊ ကဗျာစပ်နည်းများ၊ ကာရန်ယူပုံများနှင့်ပတ်သက်၍ ပညာရှင်တို့၏ အဆိုအမိန့်များကို ဦးစွာလေ့လာတင်ပြထားပါသည်။ ကဗျာအကြောင်းအရာနှင့်အသံ ကာရန် ဆက်နွယ်မှုသဘောကို လေ့လာရာတွင် မင်းသုဝဏ်၏ ကဗျာအချို့ကို အလေ့လာခံအဖြစ် သတ်မှတ်ကာ မင်းသုဝဏ်၏ ကဗျာစပ်ဆိုနည်း ၁၀ နည်းနှင့် ချိန်ထိုး၍ လေ့လာသုံးသပ်တင်ပြထား ပါသည်။ ထို့ကြောင့် ဤစာတမ်းသည် ကဗျာဖွဲ့စပ်နည်းနှင့် ပတ်သက်၍ လေ့လာသူတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2021
Author
-
Thin Thin Khaing
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)