ဦးကုလားမဟာရာဇဝင်ကြီးမှ စကားသုံးဟန်
Abstract
- ဤစာတမ်းသည် ညောင်ရမ်းခေတ်တွင် ဦးကုလားရေးသားသော မဟာရာဇဝင်ကြီး၏ စကားပြေ ရေးဟန်မှ စကားသုံးဟန်အပိုင်းကို လေ့လာတင်ပြထားသောစာတမ်း ဖြစ်ပါသည်။ စကားသုံးဟန်ကို လေ့လာတင်ပြရာတွင် ပုဂံခေတ်မှစ၍ အင်းဝ၊တောင်ငူ၊ ညောင်ရမ်းခေတ် အထိတိုင်အောင်သုံးခဲ့သော အသုံးများကိုလည်း လေ့လာဖော်ထုတ်ထားပါသည်။ စကားအသုံးအနှုန်းတို့ကြောင့် သမိုင်းတွင် ရှိခဲ့သော ပုဂ္ဂိုလ်တို့၏ ကိုယ်၊ နှုတ်၊ နှလုံးအမူအရာတို့မှာ ပို၍ထင်ရှားလာပုံနှင့်ပြောလိုသော အကြောင်းအရာတို့သည် ပို၍လေးနက်လာပုံတို့ကိုလည်း ဖော်ပြထားပါသည်။ ရာဇဝင်ဟူသည် စစ်ရေးစစ်ရာနှင့်မကင်းသည့် အလျောက် စစ်ထိုး၊ စစ်တိုက်၊ စစ်ချီသည့်အကြောင်းအရာနှင့် ပတ်သက်၍ သုံးလေ့ရှိသော ဝေါဟာရများ၊ ရာဇဝင်စကားပြေနှင့် လိုက်ဖက်သည့် သဒ္ဒါအသုံးများ၊ မမြင်သာသော စိတ်ခံစားမှုများကို မြင်သာသောဥပမာအလင်္ကာဖြင့် တင်ပြထားသော အသုံးများကို လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2021
Author
-
Pa Pa Win
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)