ပါရဂူ၏ ပုဂံခရီးသည် ဆောင်းပါးများမှ သရုပ်ဖော်အဖွဲ့
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်၊ စကားပြေကဏ္ဍလာ ခရီးသွားဆောင်းပါးများမှ ပုဂံမြင်ကွင်း သရုပ်ဖော်အဖွဲ့များကို လေ့လာတင်ပြထားသော စာတမ်းတစ်စောင်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံ၊ ညောင်ဦးဒေသတစ်ဝိုက်ရှိ ဘုရားစေတီပုထိုးများ နှင့် ပတ်ဝန်းကျင်မြင်ကွင်းများ၊ ရှေးခေတ်မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို လေ့လာ ဖော်ထုတ်ရန်ဖြစ်ပါသည်။ ဤစာတမ်းတွင် အလေ့လာခံအဖြစ် ပါရဂူ၏ပုဂံခရီးသည် ဆောင်းပါးများ ကို လေ့လာတင်ပြထားပါသည်။ ထိုသို့လေ့လာရာတွင် စာပေရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းကို လေ့လာခြင်းအားဖြင့် ရှေးခေတ်ပုဂံပြည်သူတို့၏ အံ့သြချီးကျူးဖွယ် ဗိသုကာအနုပညာ လက်ရာနှင့် ပါရဂူ၏သရုပ်ဖော်စွမ်းရည်ကို သိရှိနိုင်ပါသည်။ ဤစာတမ်းသည် ဆောင်းပါးစကားပြေမှ သရုပ်ဖော်အဖွဲ့များကို လေ့လာလိုသူတို့အတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2021
Author
-
Khin Lay Kyu
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)