မောင်စူးရဲ(တန့်ဆည်)၏ မော်ဒန်ကဗျာများမှ လူ့သဘောသဘာဝနှင့် လူတန်းစား အမြင်အတွေး
Abstract
- မောင်စူးရဲ(တန့်ဆည်)၏ မော်ဒန်ကဗျာများမှ လူ့သဘောသဘာဝနှင့် လူတန်းစား အမြင်အတွေး စာတမ်းသည် မောင်စူးရဲ(တန့်ဆည်)၏ လူ့သဘောသဘာဝ အမြင်အတွေးနှင့် လူတန်းစားအမြင် အတွေးစွမ်းရည်ကို တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားထားပါသည်။ ဤစာတမ်းသည် မြန်မာစာပေ မော်ဒန်ကဗျာကဏ္ဍလာ မောင်စူးရဲ(တန့်ဆည်)၏ ရွှေရောင်သက္ကရာဇ်ကဗျာစာအုပ်ကို အလေ့လာခံအဖြစ် သတ်မှတ်ထားသည်။ လေ့လာသောနည်းစနစ်မှာ မော်ဒန်ကဗျာများကို ချဉ်းကပ်လေ့လာသည့် အခြေခံနည်းစနစ်များကို အသုံးပြုထားပါသည်။ ဤလေ့လာမှုအရ ခေတ်ကိုထင်ဟပ်နေသည့် ယဉ်ကျေးသယောင် ဟန်ဆောင်သူများ၊ အတ္တကြီးစွာ တရားသေ ဆုပ်ကိုင်ထားသူများ၏ သဘောသဘာဝနှင့် အာဏာရှင် ဓနရှင်လူတန်းစား၊ ဆင်းရဲသား လူတန်းစား တို့အပေါ် စာဆို၏အမြင်တို့ကို တွေ့ရှိရပါသည်။ ထို့ပြင် စာဆို၏ ခေတ်ပေါ်စကားလုံးသုံးစွဲမှု၊ သစ်လွင်သော နိမိတ်ပုံဖန်တီးမှု၊ လှည့်ကွက်ထည့်သွင်းမှု၊ အကွက်ဆန်မှုတို့ ရှိသည့်အပိုင်းတို့ကို လည်းကောင်း၊ မရှိသည့်အပိုင်းတို့ကိုလည်းကောင်း တွေ့ရပါသည်။ တွေ့ရှိထားသော ဖန်တီးမှုများ က စာဆို၏စေတနာကို ခံစားသိမြင်နိုင်ရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ၊ မရှိစိစစ်သုံးသပ် ပြထားပါသည်။ ထို့ကြောင့်ဤစာတမ်းသည် မောင်စူးရဲ(တန့်ဆည်)၏ လူ့သဘောသဘာဝ အမြင်အတွေးနှင့် လူတန်းစားအမြင်အတွေးတို့ကို သိရှိနိုင်သည့် အကျိုးကျေးဇူး ရရှိနိုင်ပါသည်။ ထို့ပြင် မော်ဒန်ကဗျာ လေ့လာမှုအခြေခံတစ်ရပ်အဖြစ် အထောက်အကူ ပြုနိုင်ပါသည်။
Collections
Download
Year
- 2021
Author
-
Aye Win
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)