ယဉ်ကျေးချေငံမှုတွင် မျက်နှာမငဲ့ကွက်သောပြောဆိုပြုမူချက်၏ အခန်းကဏ္ဍ**
Abstract
- ဤစာတမ်းတွင် နေ့စဉ်စကားအပြောအဆို၏ မျက်နှာမငဲ့ကွက်သော ပြုမူပြောဆိုချက်များသည် ယဉ်ကျေးချေငံမှုကို လေ့လာရာ၌အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်းကို လူမှုဘာသာဗေဒ ရှုထောင့် မှ လေ့လာတင်ပြထားပါသည်။ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မျက်နှာမငဲ့ကွက်သော ပြုမူပြောဆိုမှုများကို သိရှိစေခြင်းဖြင့် အတတ်နိုင်ဆုံးသတိပြုကာ ရှောင်ရှားခြင်း၊ လျော့ပါးလာစေရန် ကျင့်သုံးခြင်းဖြင့် လူမှုဆက်ဆံရေးတွင် သဟဇာတဖြစ်စေနိုင်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မျက်နှာ မငဲ့ကွက်ဘဲ ပြောဆိုပြုမူခြင်းဖြင့် မျက်နှာပျက်စေနိုင်ကြောင်း၊ လူမှုရေးကန့်သတ်ချက် သုံးရပ်နှင့် မျက်နှာမငဲ့ကွက်သော ပြောဆိုပြုမူချက်များ ဆက်စပ်အရေးပါကြောင်းကို တင်ပြထားပါသည်။ သုတေသနပြဿနာများကိုအဖြေရှာရာတွင် လူမှုဘာသာဗေဒပညာရှင် ဘရောင်းနှင့် လက်ဗင်ဆင်တို့၏ သီအိုရီများကိုအခြေခံလျက် သာဓကများဖြင့် လေ့လာတင်ပြထားပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Khin Ni Maw Aung
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)