မြန်မာဘာသာစကားပျက်ယွင်းမှုကို ကာကွယ်နိုင်မည့် နည်းလမ်းနှစ်ရပ်
Abstract
- မြန်မာဘာသာစကားတွင် အင်္ဂလိပ်ဘာသာစကား ထည့်သွင်းအသုံးပြုလာခြင်းဖြင့် မြန်မာစကား၏ သွင်ပြင်လက္ခဏာများ ပျက်ယွင်းလာသည်။ မြန်မာဘာသာစကား၏ တန်ဖိုးကျဆင်းလာသည်။ မြန်မာစကားတွင် အင်္ဂလိပ်စကား အလွန်အကျွံထည့်သွင်း အသုံးပြုလာခြင်းသည် ဤစာတမ်း အတွက် ပြဿနာဖြစ်သည်။ အင်္ဂလိပ်စကားကို အလွန်အကျွံထည့်သွင်း အသုံးပြုခြင်းသည် အဓိက အားဖြင့် ဝေါဟာရအဆင့်တွင်ဖြစ်ပြီး အသုံးအများဆုံး ထည့်သွင်းသည့်စကားလုံး အမျိုးအစားမှာ နာမ်စကားလုံးဖြစ်သည်။ ဝေါဟာရအဆင့် ဘာသာပြန်လုပ်ငန်း ထွန်းကားစေခြင်းဖြင့် အင်္ဂလိပ် စကားကို အလွန်အကျွံသုံးသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဤစာတမ်းတွင် ဝေါဟာရအဆင့် ဘာသာပြန်လုပ်ငန်း အရေးကြီးပုံကို လေ့လာတင်ပြထားသည်။ လေ့လာရာတွင် လူမှုဘာသာဗေဒ၏ လေ့လာမှုနယ်ပယ်ဖြစ်သော ဘာသာစကားထိန်းသိမ်းမှု(ူညေါကေါန ာငေညအနညညေခန) နယ်ပယ်မှ ဘာသာပြန်မှု (အမညျေူအေငသည) ကိုလေ့လာသည့်နည်းနာများကို အသုံးပြုထားပါသည်။ ထိုသို့လေ့လာပြီးနောက် အသံလှယ်မွေးစားခြင်း(ူသညေ ွှမညျေူငအနမအေငသည)၊ ဘာသာပြန်မွေးစားခြင်း (ူသညေ ွှမညျေူအေငသည) တို့သည် ဘာသာစကားပျက်ယွင်းမှုကို ကာကွယ်နိုင်မည့် နည်းလမ်းနှစ်ရပ် ဖြစ်ကြောင်း ဖော်ထုတ်ထားသည်။
 
Collections
Year
- 2021
 
Author
- 
							Phyu Phyu Nyein Thwe
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)