၀ဇီရဗုဒ္ဓိဦးဖိုးစိန်၏ မြန်မာစာအရေးအသားဆိုင်ရာလေ့လာမှု
Abstract
- ဤစာတမ်းသည် ]]ဝဇီရဗုဒ္ဓိဦးဖိုးစိန်၏ မြန်မာစာအရေးအသားဆိုင်ရာလေ့လာမှု}ကို ဖော်ထုတ်လေ့လာ ပြုစုထားသည့် စာတမ်းဖြစ်ပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဝဇီရဗုဒ္ဓိဦးဖိုးစိန် စနစ်တကျ လေ့လာသုံးသပ်မှုပြုခဲ့သော မြန်မာစာအရေးအသား စနစ်ဆိုင်ရာ ဖော်ထုတ်ချက်တို့ကို တင်ပြလိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်ရေးသားပြုစုခဲ့သော မြန်မာစကားနက်ကျမ်း၊ မြန်မာ ကဗျာဖွဲ့နည်းကျမ်း (ပထမ)တွဲ၊ မြန်မာမင်းလွှတ်တော်သုံး သတ်ပုံနှင့်မြန်မာသဒ္ဒါနည်း အနက်နည်း ကျမ်းတို့ကို အလေ့လာခံကျမ်းများအဖြစ်သတ်မှတ်ပြီး ဘာသာစကားပညာရပ် နယ်ပယ်ဖြစ်သော ဘာသာဗေဒနည်းဖြင့် ချဉ်းကပ်ထားပါသည်။ မြန်မာစာအရေးအသားဆိုင်ရာ လေ့လာလိုသူများ အတွက် ဤစာတမ်းသည် အထောက်အကူဖြစ်ရန် သာဓကများဖြင့် တင်ပြပြုစုပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Tin Htwe Htwe Lwin
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)